“အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့၊ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်အားလုံး လက်နက်ချဖို့ ကျွန်တော် တကျော့ပြန် တောင်းဆိုလိုက်ပါတယ်” ဟု ထရမ့်က ဆိုသည်။ “အဲဒါဆို ခင်ဗျားတို့ အပြည့်အဝ လွတ်ငြိမ်းခွင့် ရပြီး ဘေးကင်းလုံခြုံပါလိမ့်မယ်၊ မဟုတ်ရင်တော့ သေချာပေါက် သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် ဒါမျိုးတော့ ကျွန်တော် မမြင်ချင်ပါဘူး” ဟု ၎င်းက ပြောသည်။
ဖလော်ရီဒါမှ ၁၄၅ ကီလိုမီတာအကွာရှိ ကျူးဘားကျွန်းနိုင်ငံအား “မိတ်ဖြစ်ဆွေဖြစ် သိမ်းပိုက်ခြင်း” (friendly takeover – စီးပွားရေးလောက အသုံးအနှုန်း၊ ကုမ္ပဏီတခုက နောက်ထပ် ကုမ္ပဏီတခုကို ဝယ်ယူသိမ်းပိုက်သည့်အခါ အတင်းအဓမ္မ မဟုတ်ဘဲ နှစ်ဦးနှစ်ဖက် သဘောတူညီမှုနဲ့ စနစ်တကျ လွှဲပြောင်းရယူခြင်း) ဖြစ်နိုင်ခြေရှိကြောင်း ပြီးခဲ့သည့်အပတ်က ပြောခဲ့ရာ ကျူးဘားက နောက်ထပ် ပစ်မှတ်ဖြစ်နိုင်ကြောင်း ထရမ့်က အရိပ်အမြွက် ပြခဲ့သည်။ အကျပ်အတည်း ဆိုက်နေသော ကျူးဘား၏ စီးပွားရေးမှာလည်း အမေရိကန်၏ ညွှန်ကြားချက်ဖြင့် ဗင်နီဇွဲလားမှ ရေနံတင်ပို့မှုများ ရပ်တန့်သွားခြင်းကြောင့် ပို၍ ပြိုလဲပျက်စီးလိုက်လာသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/03/06/84004