ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကြိုးပမ်းမှုတွင် တရုတ်၏ အခိုင်အမာ ထောက်ခံပံ့ပိုးပေးမှုကို လိုက်လှဲစွာကျေးဇူးတင်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ (ဇွန်လ ၈ ရက်)ကျရောက်သော တရုတ်- မြန်မာ သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက်အထိမ်းအမှတ် အဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင်ထံ သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းပြောဆိုသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတို့တွင် အခိုင်အမာ ထောက်ခံ ပံပိုးသည့် အတွက် ကျေးဇူးတင်ကြောင်းလည်း စစ်ခေါင်းဆောင်က ဆိုသည်။ Read more: https://bur.mizzima.com/2025/06/08/58112

Comments

Be the first to add a comment