အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ပြည်ခရီးစဉ် မတိုင်မီ တရုတ်အစိုးရအကြံပေးတွေနဲ့ တွေ့ဆုံခဲ့တဲ့ စစ်ထောက်လှမ်းရေးဟောင်းအဖွဲ့ Paragon Institute ဟာ ဘယ်လိုမျိုး အဖွဲ့အစည်း ဖြစ်တယ်ဆိုတာ နိုင်ငံရေးနယ်ပယ်မှာ စိတ်ဝင်စားစရာ ဖြစ်လို့ နေပါတယ်။
စစ်ထောက်လှမ်းရေးအရာရှိကြီးတွေဖြစ်ခဲ့ကြတဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းဆွေ၊ ဗိုလ်မှူးကြီးဟောင်း ဦးလှမင်းနဲ့အတူ ဦးပြည့်ဖြိုးမောင်တို့ဟာ တရုတ်အစိုးရထောက်ပံ့တဲ့ Cahar Institute နှင့် Taihe Institute Think-Tank အဖွဲ့တွေနဲ့အတူ ကူမင်းမှာ အောက်တိုဘာ ၂၈ နှင့် ၂၉ ရက်မှာ တွေ့ဆုံခဲ့ပါတယ်။
တပ်မတော်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက်က ညာလက်ရုံးဖြစ်ခဲ့တဲ့ ဦးသိန်းဆွေဟာ အခုအခါ Paragon Institute မှာ ဥက္ကဋ္ဌ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး စစ်အစိုးရရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်ခဲ့တဲ့ ဦးလှမင်းကတော့ အထူးအကြံပေးဖြစ်ကာ ဦးပြည့်ဖြိုးမောင်ကတော့ အင်စတီကျုရဲ့ အတွင်းရေးမှူးပါ။ https://youtu.be/eM7DHFm8dFs?si=R36pwD-Q4vR_wtfF

Comments

Be the first to add a comment