စစ်အာဏာရှင်နဲ့ ဘာသာရေးလှည့်ကွက် -
BUR.MIZZIMA.COMစစ်အာဏာရှင်နဲ့ ဘာသာရေးလှည့်ကွက်စောဖေဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်အတွင်းမှာ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်း ပဓာနနာယကဆရာ တော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် နေရာမှာတင် ပျံလွန်တော်မူခဲ့ပါတယ်။ ဆရာ တော်ကြီးဟာ မန္တလေးကိုအစည်းဝေးတက်ဖို့လာရင်း ခရီးဖော် ကံသုံးဆင့်ဆရာတော်နဲ့အတူ ငါန်းဇွန်မြို့နယ် အတွင်းကို ခေတ္တကြွရောက်စဉ် လုံခြုံရေးဆောင်ရွက်နေတယ်ဆိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်မှုမှာ ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေရဲ့ပစ်ခတ် မှုကြောင့် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရတယ်လို့ ယာဉ်မောင်းဖြစ်သူရဲ့ထွက်ဆိုချက်ရုပ်သံနဲ့ ထုတ်ပြန်ပါတယ်။ ဇွန်လ ၂၀ ရက်မှာတော့ ဝင်းနိမ္မိတာရုံဆရာတော်ကြီးနဲ့ခရီးအတူထွက်ခဲ့တဲ့ ကံသုံးဆင့်ဆရာတော် ပဲခူးကိုကြွရောက် လာပြီး စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူရခြင်းဖြစ်ကြောင်းနဲ့ ကိုယ်တိုင်လည်း ဆေးကုသခွင့် မရ ဘဲ စစ်ဆေးခံခဲ့ရပုံတွေကို သံဃာထုရှေ့မှာ လျှောက်တင်ခဲ့လို့ စစ်ကောင်စီရဲ့အလိမ်အညာတွေ ပေါ်သွားခဲ့ပါတယ်။ဖုံးဖိမရတော့မှ စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြစ်စဉ်ကိုပြန်လည်စစ်ဆေးပြီး တာဝန်ရှိသူတွေကို စိစစ်အရေးယူသွားမယ်လို့ ထွက်ပြောခဲ့ပါတယ်။ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ပစ်ခတ်ခံရပြီး ပျံလွန်တော်မူခဲ့ရတာ နဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုထောက်ခံသူ သီတဂူဆရာတော်က ခွင့်လွှတ် သီးခံမေ့ပစ်ကြဖို့ ကျောင်းတိုက်ကိုလာရောက်မိန့်ကြားသလို သာသနာရေးဝန်ကြီးစေလွှတ်ပြီး တောင်းပန်ခိုင်းခဲ့ပါ တယ်။ ဝင်းနိမ္မိတာရုံဆရာတော် စစ်ကောင်စီတပ်ရဲ့ပစ်ခတ်ခြင်းခံရပြီး ပျံလွန်တော်မူရခြင်းဟာ စစ်ခေါင်းဆောင် တွေရဲ့ ဘာသာရေး အရေခြုံထားတာကို လှစ်ပြလိုက်တာပဲဖြစ်ပါတယ်။တကယ်တော့ စစ်ဗိုလ်ချုပ်တွေဟာ မြန်မာနိုင်ငံရဲ့လူများစုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကို ခုတုံးလုပ်ပြီး ရာထူးအာဏာ တည်မြဲအောင် လုပ်ဆောင်နေတာ ကြာပြီဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ဘာသာရေးကိုခုတုံးလုပ်ခဲ့တာ ခေတ် အဆက်ဆက်ကရှိခဲ့ပါတယ်။ ပါလီမန်ဒီမိုကရေစီခေတ်၊ မဆလအာဏာရှင်ခေတ်၊ နဝတ-နအဖခေတ် စတဲ့ခေတ် အဆက်ဆက် ဘာသာရေးကို အသုံးချပြီး ရာထူးအာဏာ တည်မြဲဖို့ လုပ်ဆောင်ခဲ့ကြတာတွေရှိပါတယ်။အပြည့်အစုံဖတ်ရှုရန် >>
https://ift.tt/VqwDybN-----------------------------------------Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ
https://t.me/mizzimatvလွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
https://bit.ly/2VhJ12U or
https://ift.tt/g0ydNqPhttps://ift.tt/NpSCOr6