Pp Movie Uploader
ဝန်ကြီးချုပ်ဇာတ်ကား
🖤
📱
😘
အညွှန်းဖတ်ရန်
🔽
⬇️
ဖခင်ကြီး ကျန်းမာရေးချို့တဲ့နေပြီဆိုတဲ့
သတင်းကြောင့် နိုင်ငံခြားမှာ ပညာတော်သင်သွားနေတဲ့ လူတစ်ယောက် ကိုယ့်ရပ်ကိုယ့်မြေကို ပြန်လာတယ် ပြန်ရောက်တော့ ဖခင်ကြီးရဲ့ အသက်ကို မမီလိုက်သလို ဇာပနအခမ်းအနားကိုတောင်
ကျင်းပခွင့် မရလိုက်ဘူး. . .
သို့ပေမယ့် ကောက်ကာငင်ကာဆိုသလို ဝန်ကြီးချုပ်ရာထူးကို ဝင်ရောက်ထမ်းဆောင်ဖို့
ဖြစ်လာတယ်. . .
ပညာတတ် လူငယ်လေးဖြစ်တဲ့အပြင်ဖခင်ရဲ့ သွေးအပြည့်ပါတဲ့သူဖြစ်တာကြောင့်အလုပ်ကို ကြိုးစားတယ်မှန်ကန်တဲ့အလုပ်ကို လုပ်တယ်တည်ကြည်တယ် ဖြောင့်မတ်တယ်ရဲ့ဝံ့တယ်. . .
ဘယ်သူ့မျက်နှာကိုမှ မထောက်ဘူးပြည်သူတွေကို ချစ်တဲ့သူဖြစ်တာကြောင့်အောက်ခြေလူတန်းစားတွေနေတဲ့ ကျေးလက်ဒေသတွေအထိဆင်းပြီးရှောင်တခင် စစ်ဆေးတတ်တယ်သက်ဆိုင်ရာနယ်မြေက တာဝန်ကျ အစိုးရ အရာရှိတွေကို ပြည်သူ့အကျိုး သယ်ပိုးသူမှန်ရင် မြှောက်စားတယ်လာဘ်စားပြီး တာဝန်မကျေရင် ဖြုတ်ပစ်တယ်. . .
အဲ့ဒီလောက်အထိ ရဲရဲတောက်တဲ့ဝန်ကြီးချုပ် ဖြစ်လာတယ်. . .
လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးလမ်းတံတားပြုပြင်ရေးကျေးလက်ဒေသ စည်ပင်ဖွံ့ဖြိုးရေး
စတဲ့ လုပ်ငန်းတွေမှာ နိုင်ငံတော်ဘတ်ဂျက်ကို မျှတအောင် သုံးစွဲပြီး ရန်ပုံငွေတွေ ချပေးကာကိုယ်ထူကိုယ်ထ လုပ်စေတယ်သူက ပြည်သူကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဒီလိုမျိုးစိတ်ဓာတ်ပိုင်ရှင် ဝန်ကြီးချုပ်ပါ. . .
သူပြောတဲ့စကားက "စစ်မှန်တဲ့ ခေါင်းဆောင်ဆိုတာ
ခေါင်းဆောင်မလိုတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာအောင် လမ်းပြပေးတဲ့သူပါ"တဲ့မည်သို့ပင်ဆိုစေ. . .
ပြည်သူ့အချစ်တော် ခံယူပြီးတာဝန်တွေကို ကျေပွန်အောင် လုပ်သည့်တိုင်မနာလိုတဲ့သူတွေကတော့ မနာလိုစမွဲပါပဲနေရာတကာ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတာမို့မြေခွေးတွေကြားကို ရောက်နေတဲ့ယုန်သူငယ်လိုပဲအမဲဖျက်ဖို့ ချောင်းမြောင်းနေကြသူတွေရှိတယ်သူ့နောက်ကိုကို လိုက်ပြီး သတင်းယူနေတဲ့
ပါပါရာဇီတွေရှိတယ်. . .
လူငယ်ပီပီချစ်သူရည်းစားထားမိတာကအစအပြစ်ရှာ အပုပ်ချလိုသူတွေရှိတယ်. . .
ဒီနှစ်ပိုင်းထွက်တဲ့ ဇာတ်ကားတွေထဲဒီကားကတော့
ကျွန်တော့်အကြိုက်ဆုံး နိုင်ငံရေး အက်ရှင်ကားဖြစ်ပါတယ်
အဖြစ်အပျက်တွေကို ရိုက်ပြထားပုံကကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့ အတော်ကြီးကို ဆင်တူနေတယ်. . .
တစ်နည်းပြောရရင်သူတို့ရိုက်ပြသွားတဲ့ အစိုးရရဲ့လစ်ဟာမှုတွေ အကြောင်းလာဘ်စားတတ်တဲ့အစိုးရဝန်ထမ်းတွေအကြောင်းဖြစ်လေ့ဖြစ်ထရှိတဲ့ လူသဘော လူ့မနောတွေအကြောင်း ဒီလို ရိုက်ကူချက်တွေဟာ ကိုယ့်နိုင်ငံကို လက်ညှိုးထိုးပြနေသလားတောင် ထင်မိစရာပါ. . .
ကျေးလက်ဖွံ့ဖြိုးရေးအတွက်ပြည်သူတွေအရေးအတွက်လွှတ်တော်မှာ ဆွေးနွေးကြတာတွေဟတစ်ဖက်နဲ့ တစ်ဖက် အပြင်းအထန်ကို အတိုက်အခံလုပ်ပြီးအချေအတင်ဆွေးနွေးကြတာ အားရစရာပါ. . .
မြင်တွေ့နေကျအိန္ဒိယတောင်ပိုင်းကားတွေလိုဒီအတိုင်းကြီး ကြမ်းပြ ရမ်းပြမိုက်ကြေးခွဲတာထက် ဒီကားမှာတော့အကြောင်းအကျိုးနဲ့ ပြချင်တဲ့ အချက်တွေကို ရေပက်မဝင်အောင် ပြသွားတာ ဖြစ်ပာကြောင်း. . .
ကြည့်ရန်
🔽
⬇️
⬇️
https://t.me/Kalar0174/2909
🍿
ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲
⚪
🎬
🔽
⬇️
🤩
https://t.me/addlist/fK1TGyQZgBdkODQ9
2 comments
Kazeo
Oct 10, 2025
ဒီမင်းသားဇာတ်ကားလေးတွေတင်ပေးပါဦး
Min Kxant
Feb 16
Bharat Ane Nenu (2018)