မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၂ လမ်း၊ ၂၀ လမ်း၊ မေဃဂီရိရပ်ကွက်၊ တဝဂူဓမ္မာရုံအနီးရှိ စစ်ကောင်စီ၏ လုံခြုံရေးဘန်ကာတစ်ခု ဗုံးပစ်တိုက်ခိုက်ခံရမှု ယနေ့ (မတ်လ ၂၇ ရက်) နံနက် ၇ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ နန်းမြို့အတွင်း၌ ဖက်ဆစ်တော်လှန်ရေးနေ့ (တပ်မတော်နေ့) အခမ်းအနားပြုလုပ်နေချိန် မန္တလေးမြို့တွင် လုံခြုံရေးအဆင့်မြှင့်တင်ထားသည့်ကြားမှ ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဗုံးက သဲအိတ်ဘန်ကာတွေအနီးမှာ ပေါက်ကွဲတာပါ။ ထိခိုက်တာတော့ မတွေ့ရဘူး။ ဘန်ကာထဲမှာ လူနှစ်ယောက်ရှိတယ်။ ပြန်ပစ်သံလည်း မကြားရဘူး။ ပေါက်မှပဲ ဗုံးနဲ့ပစ်တာလို့ သိရတာ” ဟု မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။ Read more:
https://bur.mizzima.com/2025/03/27/50738