၂၀၂၅ ခုနှစ်တွင် တဦးချင်း သုံးစွဲနိုင်မှု ဝင်ငွေသည် ငါး ရာခိုင်နှုန်းသာ တိုးတက်ခဲ့ပြီး နှစ်နှစ်ဆက်တိုက် တိုးတက်မှုနှုန်း နှေးကွေးခဲ့သည်။ တရုတ်နိုင်ငံရှိ ဝန်ထမ်း ၅၁ ရာခိုင်နှုန်းမှာ ပြီးခဲ့သည့်နှစ်က လစာမတိုးကြဘဲ ထိုသို့ လစာ မတိုးသည့် ရာခိုင်နှုန်းသည် အာရှတွင် အမြင့်ဆုံးနှုန်း ဖြစ်နေကြောင်း Hays ဝန်ထမ်း ရှာဖွေရေးကုမ္ပဏီ၏ စစ်တမ်းအရ သိရသည်။

စစ်တမ်းကောက်ယူခဲ့သည့် တရုတ်နိုင်ငံသား ထက်ဝက်ခန့်က ယခုနှစ်လည်း ၎င်းတို့၏ လစာက မပြောင်းလဲဘဲ ရှိမည် သို့မဟုတ် လစာ လျော့ကျသွားမည်ဟု ထင်မြင်ယူဆထားကြသည်။ တဖက်တွင်လည်း အလုပ်လက်မဲ့ ဖြစ်နေသည့် လူငယ်နှုန်းထားက ၁၆ ရာခိုင်နှုန်းခန့် ရှိနေသည်။

♦️ သတင်း အပြည့်အစုံ - https://bur.mizzima.com/2026/03/20/85548

#အီရန်စစ်
#တရုတ်
#ကုန်ဈေးနှုန်း
#ကျဆင်းမှု
#ဆိုးရွားသော
#ငွေကြေးဖောင်းပွမှု
#ကူးပြောင်းသွား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
----------------------------------------

Comments

Be the first to add a comment