ကမ္ဘာ့အင်အားကြီးနိုင်ငံ သုံးနိုင်ငံဖြစ်သော အမေရိကန်၊ တရုတ်နှင့် ရုရှားတို့သည် ယခုအခါ ပြည်တွင်း၌ရော ပြည်ပ၌ပါ ဒုတိယကမ္ဘာစစ်နောက်ပိုင်း စည်းမျဉ်းအခြေပြု အခင်းအကျင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော အပြုအမူများကို လုပ်ဆောင်နေသည်။

ဝန်ကြီးချုပ် မိုဒီသည် SCO ထိပ်သီးအစည်းအဝေးအပြီး ပေကျင်းတွင် ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားသို့ မတက်ရောက်သလို ရုရှား၊ တရုတ်နှင့် အိန္ဒိယ သုံးနိုင်ငံကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ရုရှား၏ တိုက်တွန်းမှုကိုလည်း လျစ်လျူရှုခဲ့သည်။ အင်အားကြီးနိုင်ငံများအကြား ယခုကဲ့သို့သော ပြင်းထန်သော သံတမန်ရေးရာ အားပြိုင်မှုများသည် လာမည့်နှစ်များတွင် ပိုဆိုးလာဖွယ်ရှိသည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/23/82873

Comments

Be the first to add a comment