ယူကရိန်းစီးပွားရေးကို ပြန်လည်ထူထောင်ရန်အတွက် လာမည့်ဆယ်စုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၈၈ ဘီလီယံခန့် လိုအပ်မည်ဖြစ်ကြောင်း ဥရောပကော်မရှင်၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်နှင့် ယူကရိန်း အစိုးရတို့၏ ပူးတွဲအစီရင်ခံစာတွင် ခန့်မှန်းထားသည်။

နေအိမ်ကဏ္ဍသည် အဆိုးရွားဆုံး ထိခိုက်ခဲ့ပြီး စုစုပေါင်း နေအိမ်အရေအတွက်၏ ၁၄ ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရကာ ဆုံးရှုံးမှုတန်ဖိုး ဒေါ်လာ ၆၁ ဘီလီယံခန့် ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ အထူးသဖြင့် ရထားလမ်းပိုင်းများတွင် ဒေါ်လာ ၄၀ ဒသမ ၃ ဘီလီယံဖိုး ပျက်စီးခဲ့ပြီး စွမ်းအင်ကဏ္ဍတွင်လည်း ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဒေါ်လာ ၂၅ ဘီလီယံခန့် ဆုံးရှုံးခဲ့သည်။ လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှု စုစုပေါင်းမှာ ဒေါ်လာ ၆၆၇ ဘီလီယံခန့် ရှိမည်ဟု ခန့်မှန်းရ သည်။

♦️ သတင်းအပြည့်အစုံ - https://bur.mizzima.com/2026/02/24/82901

#ယူကရိန်း
#ကမ္ဘာ့ဘဏ်
#ပြန်လည်ထူထောင်ရေး
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment