ပါလက်စတိုင်းဘောလုံးနယ်ပယ် ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာ ၇၅ သန်း ရန်ပုံငွေကို FIFA ဦးဆောင်မည်

AFP

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား စစ်ပွဲကြောင့် ပျက်စီးသွားခဲ့ရတဲ့ ဂါဇာက ဘောလုံးဆိုင်ရာ အဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် FIFA က ဒေါ်လာ ၇၅ သန်း ရန်ပုံငွေတရပ်ကို ဦးဆောင်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့က ကြာသပတေးနေ့မှာ ပြောကြားပါတယ်။

ထရမ့်ဟာ ဝါရှင်တန်မှာပြုလုပ်တဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” (Board of Peace) ရဲ့ ပထမဆုံးအစည်းအဝေးမှာ ဒီကြေညာချက်ကို ထည့်သွင်းပြောဆိုခဲ့တာပါ။ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဟာ အမေရိကန်သမ္မတရဲ့ အရင်းနှီးဆုံး မဟာမိတ် ၂၄ ဦးနဲ့ ဖွဲ့စည်းထားပြီး ဖွဲ့စည်းပုံ အတိအကျ သတ်မှတ်ထားခြင်း မရှိသေးတဲ့ အဖွဲ့အစည်းတခု ဖြစ်ကာ ကနဦးမှာတော့ ဂါဇာကမ်းမြောင်ဒေသ ပြန်လည်ထူထောင်ရေးကို အဓိက အာရုံစိုက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

“ဂါဇာက စီမံကိန်းတွေအတွက် စုစုပေါင်း ဒေါ်လာ ၇၅ သန်း ရရှိအောင် FIFA က ကူညီပေးသွားမယ်ဆိုတာကိုလည်း ကျွန်တော် ဝမ်းမြောက်စွာ ကြေညာလိုက်ပါတယ်” လို့ ထရမ့်က ပြောပါတယ်။

Read more >> https://bur.mizzima.com/2026/02/20/82558

Comments

Be the first to add a comment