Mizzima
ရန်ကုန်တွင် ဧည့်စာရင်းရက်ကျော်ပါက သိန်းချီငွေညှစ်ခံနေရပြီး မပေးနိုင်လျှင် စစ်မှုထမ်းခိုင်းမည်ဟု ခြိမ်းခြောက်
ဓါတု
မဇ္ဈိမ ။ ။ ရန်ကုန်က မြို့နယ်အချို့တွင် ဧည့်စာရင်းရက်ကျော်လျှင် စစ်အုပ်စုလက်အောက် အုပ်ချုပ်ရေးမှူးများက ငွေညှစ်မှုများရှိနေပြီး၊ ကျပ် ၅၀,၀၀၀ မှ ၃၀၀,၀၀၀ အထိ ပေးဆောင်ရကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူများနှင့် ဒေသတွင်း သတင်းရင်းမြစ်များက မဇ္ဈိမသို့ ပြောသည်။
ဧည့်စာရင်းတိုင်ကြားရန် သတ်မှတ်ထားသည့် ရက်ထက်ကျော်လွန်သွားလျှင် သာကေတ၊ တာမွေနှင့် မင်္ဂလာတောင်ညွန့်စသည့်မြို့နယ်များတွင် ယခုကဲ့သို့တောင်းခံနေခြင်းဖြစ်ပြီး တောင်းခံသည့်ပမာဏမပေးနိုင်လျှင် စစ်မှုထမ်းထဲထည့်မည်ဟုခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ဒေသတွင်းကင်းထောက်အဖွဲ့တခုက ဆိုသည်။
Rangoon Scout Network (RSN) မှတာဝန်ရှိသူတဦးက "ဧည့်စာရင်းရက်ကျော်နေရင် ၅၀,၀၀၀ ကနေ ၃၀၀,၀၀၀ ထိတောင်းပြီး ငွေညစ်တတ်ပါတယ်ဗျ။ မနေ့ညက တာမွေဘက်မှာ ၅၀,၀၀၀ တောင်းတယ်လို့ ကြားပါတယ်။ မတ်လ ၁၃ ရက်နေ့က သာကေတဘက်မှာ စစ်ဆေးတုန်းက ၃၀၀,၀၀၀တောင်းတယ်လို့ သိရပါတယ်။ တခြားမြို့နယ်တွေမှာလည်း သူ့နေရာအလိုက် အကြပ်ကိုင် ပိုက်ဆံတောင်းပါတယ်ဗျ။ မှတ်ပုံတင်တွေ သိမ်းသွားပြီး…
Comments
Be the first to add a comment