အရှေ့အလယ်ပိုင်းမှာ စစ်မီးကူးစက်ပျံ့နှံ့လာတာကြောင့် လီယွန်နယ်မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လူဝစ်ဟာမီလ်တန် တို့ အပါအဝင် အားကစားကြယ်ပွင့်တွေရဲ့ ပြိုင်ပွဲအစီအစဉ်တွေဟာ မရေမရာ ဖြစ်နေရပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်နဲ့ အစ္စရေးတို့ အီရန်အပေါ် တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲဖျက်သိမ်းတာတွေနဲ့ ခရီးသွားလာမှု ပိတ်သိမ်းတာတွေက အားကစားပွဲစဉ်တွေကို စတင်ရိုက်ခတ်နေပါပြီ။ ဖော်မြူလာဝမ်း (F1) နဲ့ အဓိက ဘောလုံးပွဲ စီစဉ်သူတွေအနေနဲ့ ပြိုင်ပွဲတွေကို သတ်မှတ်ထားတဲ့ အစီအစဉ်အတိုင်း ဆက်လက်ကျင်းပနိုင်ခြင်း ရှိ၊ မရှိကို မကြာခင်မှာ ဆုံးဖြတ်ချက် ချရတော့မှာပါ။

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အရှေ့အလယ်ပိုင်းနိုင်ငံတွေဟာ ကမ္ဘာ့အဆင့် အားကစားပွဲတွေကို လက်ခံကျင်းပသူတွေ၊ ငွေကြေးထောက်ပံ့သူတွေနဲ့ ထိပ်တန်းအားကစားသမားတွေရဲ့ အလုပ်ရှင်တွေအဖြစ် ကမ္ဘာ့အားကစားလောကမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍကနေ ရှိနေတာ ဖြစ်ပါတယ်။ Read more: https://bur.mizzima.com/2026/03/03/83654

Comments

Be the first to add a comment