မိသားစု၄ယောက်ခန္ဓာကိုယ်ချင်းချိန်းသွားသောအခါ🖤📱

ပိတ်ရက်မှာအပြင်လျှောက်လည်ကြရင်း အံ့ဖွယ်ကိစ္စတစ်ခုဖြစ်သွားကာ မိသားစုဝင်တွေအချင်းချင်း နေရာချင်းလဲသွားကြတဲ့အခါ...

အညွှန်းဖတ်ရန်
🔽⬇️
ဝေါလ်ကာမိသားစုဝင်တွေထဲမှာဆိုရင် အလုပ်လည်းကြိုးစား တစ်ချိန်ထဲမှာ မိသားစုဘဝကို ဟန်ချက်ညီအောင်ကြိုးစားထိန်းပေးတဲ့ အမေဖြစ်သူ “ဂျက်စ်”၊ 90’s တွေရဲ့ Oldies Vibe အပြည့်နဲ့ သားဖြစ်သူရဲ့အထက်တန်းကျောင်းမှာ ဂီတဆရာဝင်လုပ်နေတဲ့ တစ်ချိန်ကနာမည်ကြီးအဆိုတော်ဖြစ်ခဲ့သူ ဖေကြီး “ဘေလ်”၊ Young Sheldon လေးလို ဆယ်ကျော်သက်အရွယ်နဲ့ Advanced Theoretical Physics ရဲ့ ရာစုနှစ်ချီ မပြေလည်နိုင်တဲ့ပြဿနာတွေကို ဖြေရှင်းဖို့ကြိုးစားနေတဲ့ Introvert သားလေး “ဝိုင်ယက်”၊ လာမယ့်ရာသီမှာ နိုင်ငံကိုယ်စားပြု ၁၈ နှစ်အောက်ဘောလုံးအသင်းကိုဝင်နိုင်ဖို့ကြိုးစားနေတဲ့ ခေတ်ဆန်ဆန်သမီး “စီစီ”၊ တို့အပြင် အထွေးဆုံးသားလေး မိုင်းလ်စ်နဲ့ ခွေးဘီလူးပစ်ကယ် တို့ပါဝင်ပါတယ်။ ဝေါလ်ကာတို့မိသားစုရဲ့ ကလေးအကြီးနှစ်ယောက်ဟာဆိုရင် ဆယ်ကျော်သက်တွေဖြစ်လာကြတဲ့အလျောက် ကလန်ကဆန်ပြုတတ်ကြတဲ့ “Rebellious Phase” ကို ရောက်လာကြပါတယ်။ သားတော်မောင်က ငယ်ငယ်ရွယ်ရွယ်နဲ့ ရေးလ်တက္ကသိုလ်အင်တာဗျူးဖြေပြီး အဝေးကိုကျောင်းသွားတက်ရမှာကတစ်ကြောင်း၊ သမီးတော်က နောက်ရာသီ နိုင်ငံအသင်းမှာပါဝင်ခွင့်ရသွားရင် အိမ်နဲ့ခွဲရပြီး စခန်းသွင်းလေ့ကျင့်နေရမှာကတစ်ကြောင်း၊ အဲဒီကိစ္စနှစ်ခုကြောင့် မိဘနှစ်ယောက်က စိတ်ဖိစီးပြီး ခရစ္စမတ်မှာ သောကရောက်နေရပါတယ်။ တစ်နေ့ ဝေါလ်ကာမိသားစုတို့ ခရစ္စမတ်မှာ မိသားစုလိုက်လျှောက်သွားကြဖို့ဆိုပြီး နက္ခတ်တာရာပြခန်းကိုရောက်လာကြတဲ့အခိုက်မှာ အံ့ဖွယ်ဖြစ်ရပ်တစ်ခုနဲ့ကြုံပြီး Body Swap တွေဖြစ်သွားကြပါတယ်။ အဖေက သားနဲ့ပြောင်းပြန်၊ သမီးက အမေ၊ အထွေးဆုံးသားလေးက ခွေးနဲ့ ခန္ဓာချင်းလဲသွားကြတဲ့အချိန်မှာ ဝေါလ်ကာတို့မိသားစု တစ်ယောက်ပြဿနာကို တစ်ယောက်ရှင်းရင်း အချင်းချင်းပြန်ပြီးနီးစပ်ကာ နွေးထွေးလာတဲ့ပုံကို ဒီဇာတ်ကားလေးမှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်...
ကြည့်ရန်🔽⬇️⬇️
https://t.me/MurdererMmSub/2577

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

Comments

Be the first to add a comment