ကွတ်ခိုင်တွင် MNDAA နှင့် TNLA အကြား တိုက်ပွဲ ပြင်းထန်၊ မြို့တွင်း နေရာအချို့ မီးလောင်

001

မဇ္ဈိမ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် ကိုးကန့်တပ် (MNDAA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့အကြား ယနေ့ (မတ် ၁၅ရက် ) တမနက်လုံး တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး မြို့တွင်းရှိ ဌာနဆိုင်ရာနေရာအချို့ မီးလောင်ခဲ့ကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

ကွတ်ခိုင်တွင် ယမန်နေ့ (မတ် ၁၄ ရက် ) နံနက်ပိုင်း ကစပြီး MNDAAနှင့် TNLA အကြား ပစ်ခတ်မှုဖြစ်ပွားပြီး ယနေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်မူ နေ့လယ် တနာရီဝန်းကျင်ကစ၍ တိုက်ပွဲများ ငြိမ်သက်သွားသော်လည်း မြို့တွင်းရှိ ရဲစခန်းအပါအဝင် ဌာနဆိုင်ရာ နေရာအချို့ မီးလောင်နေကြောင်း ကွတ်ခိုင်မြို့ဒေသခံတဦးက ပြောသည်။

“မနက် ငါးရီလောက်ကတည်းက ဖြစ်တာ ဒီနေ့လယ် တနာရီလောက်ထိကို ဖြစ်တယ်။ အခုက ငြိမ်သွားပြီ။ ရဲစခန်းတွေ စည်ပင်တို့ လဝကတို့တော့ မီးလောင်နေတယ်။ အခုလောလောဆယ်တော့ မီးတွေ လောင်နေတယ်။ စည်ပင်ရုံးတို့ လဝကရုံးတို့ပေါ့။ ရဲစခန်းလည်း မီးတော့လောင်တယ် အခုတော့ ငြိမ်းသွားပြီ။”…

Comments

Be the first to add a comment