ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ဝင်ရောက်ယှဉ်ပြိုင်တော့မှာမဟုတ်ကြောင်း ဝန်ကြီး ဆို

Reuters

အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး လေကြောင်းတိုက်ခိုက်မှုတွေ စတင်ခဲ့တာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်း ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ကြောင်း အားကစားဝန်ကြီး အာမက် ဒွန်ယာမာလီ က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း အီရန်ဦးသျှောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့ရပြီး ဒေသတွင်း ပဋိပက္ခတွေ ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

“ဒီလို အကျင့်ပျက်ခြစားတဲ့ အစိုးရက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့အတွက် ဘယ်လိုအခြေအနေမျိုးမှာမှ ကမ္ဘာ့ဖလားကို ကျွန်တော်တို့ ပါဝင်ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး” လို့ ဝန်ကြီးက နိုင်ငံပိုင်ရုပ်သံကို ပြောကြားခဲ့ပါတယ်။

၄၈ သင်း ပါဝင်မယ့် အဆိုပါ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်ကနေ ဇူလိုင်လ ၁၉ ရက်အထိ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ရဲ့ ကလေးတွေ (ကစားသမားတွေ) ဟာ လုံခြုံမှုမရှိသလို၊ အခြေခံအားဖြင့်လည်း ပါဝင်ယှဉ်ပြိုင်ဖို့ အခြေအနေမျိုး ရှိမနေပါဘူး။”လို့ ဒွန်ယာမာလီက…

Comments

Be the first to add a comment