လွန်ခဲ့သော ၂၅ နှစ်ခန့်က ဖခင်အား သူ၏ မွေးရပ်မြေဖြစ်သော မန္တလေးမြို့သို့ ပြန်လည်ခေါ်ဆောင်သွား ရန် ကျွန်တော်ဆန္ဒပြင်းပြခဲ့ဖူးသည်။ ကျွန်တော့်အဖွားကိုလည်း (နောင်တွင် စစ်အစိုးရက နိုင်ငံအမည် အား မြန်မာ၊ မြို့အမည်အား ရန်ကုန်ဟု မပြောင်းလဲမီက) ရန်ကုန်မြို့တွင်ပင် မွေးဖွားခဲ့သည်။

ကျွန်တော့်အဘိုးမှာ ဗြိတိသျှစစ်အရာရှိတဦးဖြစ်ပြီး ဂျပန်လေတပ်က ပြင်းထန်စွာ ဗုံးကြဲတိုက်ခိုက်နေ သည့် ၁၉၄၂ ခုနှစ်တွင် မန္တလေးမြို့တွင် တာဝန်ကျခဲ့သူ ဖြစ်သည်။

တိုက်လေယာဉ်များ၏ ပစ်ခတ်မှုကြောင့် ဧရာဝတီမြစ်အတွင်း နစ်မြုပ်လုနီးပါးဖြစ်နေစဉ် မိခင်နှင့် မောင်နှမများကို ကယ်တင်ခဲ့ပုံနှင့် တောနက်ကြီးထဲမှ ဘေးကင်းရာသို့ လမ်းလျှောက်ထွက်ခွာခဲ့ပုံ စသည့် ဖခင်ဖြစ်သူ၏ ငယ်ဘဝစွန့်စားခန်းများကို နားထောင်ခဲ့ရခြင်းကပင် သူ့ကို ဇာတိမြေသို့ ပြန်လည် ခေါ်ဆောင်ပြီး အတွေ့အကြုံများအား အတူတကွခံ စားလိုစိတ် ဖြစ်ပေါ် စေခဲ့ခြင်းဖြစ်ပါသည်။

♦ သတင်းအပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#စွန့်စားခဲ့ကြသူများ
#ဆရာဝန်များ
#မြန်မာ့ပြည်တွင်းစစ်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews

Comments

Be the first to add a comment