ပုလဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ၊ ကလေးငယ်အပါအဝင် ဒေသခံ ၅ ဦးသေဆုံး

ပါခွီး

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်အတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်းက တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ ကလေးတဦး အပါအဝင် ငါးဦး သေဆုံးခဲ့ကြောင်း ဒေသခံနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။

“မနေ့ညက နမခ က တက်လာတဲ့ ပါရာမော်တာ နှစ်စီးနဲ့ကြဲတယ် ၊ ဒီမနက်ကတော့ ဂျိုင်ရိုကော်ပတာနဲ့ ထပ်ကြဲတာ ၊ မနေ့ က လေးယောက်သေတယ် ၊ ဒဏ်ရာရတဲ့အထဲကမှ ဒီမနက်တယောက် ထပ်ဆုံးတာ” ဟု ဒေသခံက မဇ္ဈိမကို ယနေ့(မတ်လ ၅ ရက်)တွင် ပြောသည်။

ပုလဲမြို့နယ် ၊ မရိုးတုန်းကျေးရွာကို ယမန်နေ့( မတ်လ ၄ ရက်) ည ၉ နာရီအချိန် ပါရာမော်တာ (စက်တပ်လေထီး) နှစ်စီးဖြင့် ဗုံးကြဲခဲ့ရာ မရိုးတုန်းအနောက်ရွာမှ အသက် ၈၅နှစ်အရွယ် ဒေါ်မိကြည် ၊ မရိုးတုန်းမြောက်ရွာမှ အသက် ၈၀နှစ်အရွယ် ဒေါ်စံအေး ၊ မရိုးတုန်းအရှေ့ရွာမှ ၁၃ နှစ်အရွယ် မမြတ်လေးနွယ်နှင့် အသက် ၄၇နှစ်အရွယ် ကိုထွန်းမြင့်တို့ သေဆုံးခဲ့ခြင်းဖြစ်သည်။

၎င်းအပြင် မရိုးတုန်းအရှေ့ရွာမှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးနှင့် အသက် ၄၈ နှစ်ရှိ အမျိုးသား ၊ မရိုးတုန်းမြောက်ရွာမှ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတဦး…

Comments

Be the first to add a comment