Harsens Island Revenge [2025]

Review 📃

ပထမကမ္ဘာစစ်ပြန်တစ်ဦးဖြစ်သူ ဖရန်ကီ ဟာ ဟာဆန်းကျွန်းမှာ နေထိုင်ရင်း ဖခင်ဖြစ်သူမသိအောင် တရားမဝင် အရက်ကုန်ကူးမှုတွေနဲ့ ဝင်ငွေရှာနေသူပါ။ တစ်ဖက်မှာလည်း တစ်နိုင်ငံလုံးက ကြောက်ရတဲ့ ခရမ်းဂိုဏ်း (The Purple Gang) ဟာ အရက်စျေးကွက်ကို လက်ဝါးကြီးအုပ်ထားပြီးဆက်ကြေးတွေလည်း အဓမ္မကောက်ခံနေပါတယ်။ တစ်ရက်မှာတော့ ဖရန်ကီရဲ့အဖေကို ခရမ်းဂိုဏ်းက လူမဆန်စွာ နှိပ်စက်ခဲ့တာကြောင့် စစ်ပြန်ဟောင်း ဖရန်ကီတစ်ယောက် ဒေါသပေါက်ကွဲပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒီကိစ္စကြောင့် သူတို့ရဲ့ မိသားစုစီးပွားရေးဖြစ်တဲ့ ငါးဖမ်းလုပ်ငန်းပါ ဖျက်ဆီးခံလိုက်ရတဲ့အခါ... မိသားစုအတွက် ကလဲ့စားချေဖို့နဲ့ ကျွန်းပေါ်ကလူတွေ ငြိမ်းချမ်းဖို့အတွက် ဖရန်ကီတစ်ယောက် သူ့ရဲ့ကိုယ်ပိုင်အဖွဲ့ကို စုစည်းပြီး အင်အားကြီးဂိုဏ်းကို ဘယ်လိုပြန်လည်ရင်ဆိုင်မလဲဆိုတာ ရင်ခုန်စရာ ကြည့်ရှုရမှာပါ။


😍ကြည့်ရန်နှိပ်ပါ👇

t.me/moviemart200/3092

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

Comments

Be the first to add a comment