Mizzima
အဆိုပါအုပ်စု၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်သာဖြစ်ပြီး အိန္ဒိယမှာ ဖြတ်သန်းသွားလာရုံမျှသာဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတဦးမှ ပြောကြားခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။
“သူတို့ဟာ အိန္ဒိယရဲ့ လုံခြုံရေးအတွက် ဘာခြိမ်းခြောက်မှုမှ မရှိခဲ့ပါဘူး။ မကောင်းတဲ့ လုပ်ရပ်တခုခုအတွက် အိန္ဒိယကို လာရောက်တဲ့ ဘယ်နိုင်ငံခြားသားကိုမဆို ခွင့်လွှတ်မှာမဟုတ်ဘူးဆိုတာကတော့ ကျွန်တော်တို့ရဲ့ မူဝါဒဖြစ်ပါတယ်” ဟု အာမစ်ရှားက ပြောသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် နာ့ဇယ်လ်ဝါဒကို အမြစ်ပြတ်ချေမှုန်းမည့် နောက်ဆုံးသတ်မှတ်ရက်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ပြည်ထဲရေးဝန်ကြီးက ၎င်းသည် အနိုင်အရှုံးအပေါ်တွင် မူတည်ခြင်းမဟုတ်ဘဲ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း၏ စကားအရ အကြီးမားဆုံးသော ပြည်တွင်းလုံခြုံရေး ခြိမ်းခြောက်မှုဖြစ်စေသည့် တိုက်ခိုက်မှုများနှင့် ဗုံးခွဲမှုများကို ရပ်တန့်ရန်သာဖြစ်ကြောင်း ဖြေကြားခဲ့သည်။
♦
သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#မီဇိုရမ်
#အမေရိကန်
#အိန္ဒိယ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
Comments
Be the first to add a comment