မကြာမီ တိုက်ခိုက်ခံရတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း အီရန်ရေတပ် စစ်သင်္ဘော၏ တပ်မှူးက သင်္ဘောသားများအား Dena သင်္ဘောပေါ်မှ စွန့်ခွာခွင့် မပြုခဲ့ကြောင်း အဆိုပါ သတင်းရင်းမြစ်က ဆက်လက် ဆိုသည်။
သင်္ဘောသားအချို့က တပ်မှူးနှင့် အခြေအတင် အငြင်းပွားခဲ့ကြပြီး အသက်ရှင်ကျန်ရစ်သည့် သင်္ဘောသား ၃၂ ဦးမှာ အသက်ကယ်လှေများဖြင့် လွတ်မြောက်အောင် ကြိုးပမ်းနိုင်ခဲ့သူများသာ အများစုဖြစ်သည်ဟု အဆိုပါ သင်္ဘောသား၏ ဖခင်ဖြစ်သူက ပြောကြောင်း သတင်းရင်းမြစ်အရ သိရသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/03/08/84223#အမေရိကန်
#အီရန်စစ်သင်္ဘော
#ရေတပ်သား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews