မကွေး ကြားကာလအစိုးရအဖွဲ့ ဝန်ကြီး ၂ ဦးနေရာ ကန့်ကွက်မှုရှိနေ၍ အတည်မပြုနိုင်သေး

မောင်ခက်နွေ

မဇ္ဈိမ ။ ။ မကွေးဖက်ဒရယ်ယူနစ်၏ ကြားကာလအစိုးရအဖွဲ့ဝင် ဝန်ကြီး ခုနစ်ဦးနှင့် ရှေ့နေချုပ်ကို မတ်လ ၁၂ ရက်တွင်ကျင်းပသည့် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော် (၁၁) ကြိမ်မြောက် အစည်းအဝေးတွင် အတည်ပြုခန့်အပ်ခဲ့သည်။ သို့သော် ဝန်ကြီးဌာန နှစ်ခုအတွက်ကိုမူ ကန့်ကွက်မှုတွေရှိနေ၍ အတည်မပြုနိုင်သေးကြောင်း သိရသည်။

အစိုးရအဖွဲ့ဝင်စာရင်းကို မကွေးဖက်ဒရယ်ယူနစ်ကြားကာလ အစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က တင်သွင်းခဲ့ခြင်းဖြစ်သည်။ လူသားချင်းစာနာထောက်ထားရေး (သို့မဟုတ်) လူ့အခွင့်အရေး ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့အတွက် တင်သွင်းသည့် ဝန်ကြီးလောင်းနှစ်ဦး နှင့်ပတ်သက်၍ လွှတ်တော်ဘက်သို့ ကန့်ကွက်စာ ရောက်ရှိလာ၍ ဆိုင်းငံ့ထားရကြောင်း မဇ္ဈိမက စုံစမ်း သိရှိရသည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်က "ဒီဝန်ကြီးနှစ်ပါး ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကြားကာလ အစီအမံ ဥပဒေ ပုဒ်မ ၆၃ အရပေါ့လေ ။ လွှတ်တော်က လွှတ်တော် လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်နေတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဆိုတော့ ဟို…

Comments

Be the first to add a comment