Qorin 2 (2026)

"ကိုယ့်သွေးသားကို ထိလာတဲ့အခါ ဖခင်တစ်ယောက်ရဲ့ ဒေါသကမကောင်းဆိုးဝါးထက်တောင် ကြောက်စရာကောင်းသွားနိုင်တယ်..."


ကိုယ့်ရဲ့ အမှောင်မိုက်ဆုံး စိတ်ဆန္ဒတွေကို ကိုယ်စားပြုတဲ့ Qorin တွေရဲ့ ခြောက်လှန့်မှုက တော်တော်လေး ကျောချမ်းစရာကောင်းခဲ့တာပေါ့။ ဒီတစ်ခါ ၁ နာရီနဲ့ ၅၀ မိနစ်စာ ကြာမြင့်မယ့် Qorin 2 မှာတော့ ဇာတ်လမ်းက ပိုပြီး ရင်နင့်စရာကောင်းသလို ပိုလည်း ကြောက်စရာကောင်းလာပါတယ်။

ဇာတ်လမ်းကတော့ ဖခင်ဖြစ်သူ မက်ခ်မူရ်နဲ့ သူ့ရဲ့သားလေး ဂျာယာ တိုကို အဓိကထား ရိုက်ကူးထားတာပါ။ သားဖြစ်သူ ဂျာယာလေး ကျောင်းမှာ အနိုင်ကျင့်ခံရ၊ ဒုက္ခပေးခံရတဲ့အခါမှာတော့ ဖခင်ဖြစ်သူ မက်ခ်မူရ်တစ်ယောက် ဒေါသတကြီးနဲ့ ကျောင်းကို သွားရောက်တိုင်ကြားပါတော့တယ်။

ဒါပေမဲ့ သူမျှော်လင့်ထားသလို တရားမျှတမှု မရတဲ့အခါ... ဖခင်တစ်ယောက်ရဲ့ နာကျင်မှုနဲ့ ဒေါသတွေက မဖြစ်သင့်တာတွေကို ဖန်တီးဖို တွန်းအားပေးလိုက်တဲ့အခါမှာတော့... သားကိုကာကွယ်ချင်တဲ့ ဖခင်တစ်ယောက် ဘယ်လို အမှောင်ထုထဲကို ခြေစုံပစ်ဝင်သွားမလဲ။ မကောင်းဆိုးဝါး Qorin တွေကရော ဒီဇာတ်လမ်းမှာ ဘယ်လိုပုံစံမျိုးနဲ့ ပြန်လည် ခြောက်လှန့်ဦးမလဲဆိုတာကို ရင်တမမနဲ့ ရှုစားရမှာပါ။



😍ကြည့်ရန်နှိပ်ပါ👇

t.me/moviemart200/3051

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

Comments

Be the first to add a comment