'ကာကွယ်ပေးနိုင်ပါလျက်နှင့် နူရူလ် အာမင် ရှာအာလမ် သေဆုံးခဲ့ရခြင်းမှာ အလွန်စိတ်အနှောင့် အယှက်ဖြစ်ဖွယ်ကောင်းပြီး အမေရိကန်အကောက်ခွန်နှင့် နယ်ခြားကာကွယ်ရေးတပ်ဖွဲ့ (CBP) ၏ တာဝန်ပျက်ကွက်မှုပင် ဖြစ်သည်' ဟု ဘတ်ဖလိုမြို့တော်ဝန် ရှောင်ရိုင်ယန်က ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက် တွင် ပြောကြားခဲ့သည်။
'မျက်စိကွယ်လုနီးပါးဖြစ်ပြီး အင်္ဂလိပ်စကား မပြောနိုင်သည့် ခိုကိုးရာမဲ့သူတဦးကို လုံခြုံစိတ်ချရသော နေရာတွင် ထားခဲ့ရန် ကြိုးပမ်းခြင်းမရှိဘဲ ချမ်းအေးလှသော ဆောင်းညတွင် တယောက်တည်း စွန့်ပစ်ခဲ့ သည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ ကျင့်ဝတ်နှင့် မညီသလို လူမဆန်သော လုပ်ရပ်လည်း ဖြစ်သည်' ဟု ၎င်းက ပြောကြားသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2026/02/26/83108#မြန်မာဒုက္ခသည်
#နယ်ခြားကင်းလှည့်တပ်ဖွဲ့
#အမေရိကန်
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews