ပညာမတတ်ရင်သူများရဲ့ဖိနှိပ်တာကိုခံရမယ်
ပညာတတ်အောင်သင်ဖို့ကြိုးစားပြန်ရင်လည်းအနှောင့်အယှက်တွေနဲ့အမြဲကြုံနေရတယ် ဆိုတဲ့ဇာတ်ကားလေး
📺

အညွှန်းဖတ်ရန်
⬇️🔽
ဇာတ်လမ်းရဲ့ အချိန်ကာလကတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေကို အခြေခံထားပါတယ်။ တောတောင်တွေထဲမှာ နေထိုင်ပြီး ပညာသင်ကြားခွင့်နဲ့ အလှမ်းဝေးနေတဲ့ လူနည်းစု (Tribal) ရွာလေးတစ်ရွာဟာ ဒေသခံအာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို အမြဲလိုလို ခံစားနေရပါတယ်။ အဲဒီရွာလေးထဲက ကူရင်ဂျီ (Kurinji) လို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ကတော့ ပညာသင်ကြားချင်စိတ် ပြင်းပြနေသူလေးပါ။
တစ်နေ့မှာတော့ ဒီဒေသကို တာဝန်ကျလာတဲ့ စိတ်ဓာတ်ပြတ်သားပြီး မတရားမှုကို လက်မခံတဲ့ ခရိုင်အုပ်ချုပ်ရေးမှူး (District Collector) မူးသူးဗဲလ် (Muthuvel) နဲ့ ကူရင်ဂျီတို့ တွေ့ဆုံမိပါတယ်။ ကလေးမလေးရဲ့ ပညာသင်ချင်တဲ့ ဆန္ဒကို သိသွားတဲ့ မူးသူးဗဲလ်က ဒီရွာလေးအတွက် စာသင်ကျောင်းတစ်ကျောင်း တည်ဆောက်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။
ဒါပေမဲ့ ပညာတတ်သွားရင် သူတို့ကို မအုပ်ချုပ်နိုင်တော့ဘူးလို့ တွေးနေတဲ့ ဒေသခံ လူမိုက်တွေ၊ အာဏာရှင်တွေနဲ့ အဂတိလိုက်စားနေတဲ့ အစိုးရဝန်ထမ်းတွေက ကျောင်းဆောက်မယ့် ကိစ္စကို နည်းမျိုးစုံနဲ့ ဟန့်တားကြပါတော့တယ်။ ခရိုင်အုပ်ချုပ်ရေးမှူး မူးသူးဗဲလ်အနေနဲ့ ဒီလို အခက်အခဲပေါင်းစုံ၊ ခြိမ်းခြောက်မှုပေါင်းစုံကို ကျော်ဖြတ်ပြီး ကလေးမလေးကို ပေးထားတဲ့ ကတိအတိုင်း ရွာမှာ စာသင်ကျောင်းဖြစ်မြောက်အောင် ဘယ်လို ကြိုးစားတိုက်ပွဲဝင်သွားမလဲဆိုတာကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါတယ်။

ကြည့်ရန်🔽⬇️
https://t.me/c/2045992754/5869

ချန်နယ်အရင်Joinပါ
⬇️🔽
https://t.me/+1hXFNbmPjVQ0NzFl

Comments

Be the first to add a comment