စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်သည် တလနီးပါးရှိနေပြီဖြစ်သော် လည်း ပြိုကျအဆောက်အဦနှင့် အပျက်အစီးရှင်လင်းရာတွင် စက်ပစ္စည်းမလုံလောက်သဖြင့် ကြန့်ကြာနေ ကြောင်း ကူညီကယ်ဆယ်ရေးသမားများနှင့် ငလျင်သင့်ဒေသခံများက ပြောသည်။

“အစွန်းထွက်လောက်ပဲ ရှင်းနိုင်ကြသေးတယ်။ တချို့ဟာတွေ ဘာမှမတို့မထိနိုင်သေးဘူး။ Dead body (ရုပ်အလောင်း)တွေလည်း ရှာနေဆဲပဲ။ ပျောက်နေတာတွေ အခုထိဖော်လို့ကိုမပြီးသေးတော့လေ။ မြို့ထဲ ပတ်ကြည့်တာ တချို့ရှင်းနေတာရှိသလို တော်တော်များများ ဘာမှမလုပ်နိုင်သေးတာလည်း ရှိတယ်” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။ Read more: https://bur.mizzima.com/2025/04/26/54426

Comments

Be the first to add a comment