လျှပ်စစ်မီး အလှည့်ကျ ပြတ်တောက်မည်ဟု လျှပ်စစ်ဝန်ကြီးဌာနကြေညာ

ရောင်နီ

မဇ္ဈိမ။ ။နွေရာသီကာလအတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု မြင့်တက်လာခြင်းကို ထိန်းညှိရန် လျှပ်စစ်ဓာတ်အား အလှည့်ကျဖြတ်တောက်ကာ ခွဲဝေဖြန့်ဖြူးသွားမည်ဟု စစ်ကော်မရှင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ယမန် နေ့( မတ်လ ၁၇ ရက် )တွင် ထုတ်ပြန်ထားသည်။

“ ဒီနေ့ မနက်အထိတော့ မီးလာနေတုန်းပဲ၊ ဘယ်အချိန် စပျက်မလဲတော့ မသိဘူး” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အမျိုးသမီးတဦးက ယနေ့ မတ်လ( ၁၈ ရက်နေ့ )နံနက်ပိုင်းတွင် မဇ္ဈိမကို ပြောသည်။

လျှပ်စစ်ဓာတ်အား ခွဲဝေဖြန့်ဖြူးမှု အစီအစဉ်ကို ယနေ့ ( မတ်လ ၁၈ ရက်) မှစတင်ကာ ဇွန်လအထိ ပြုလုပ်မည်ဟု စစ်ကော်မရှင်လျှပ်စစ်ဝန်ကြီးဌာနက အသိပေးသည်။ မည်သည့် ဒေသများ၌ မည်ကဲ့သို့ ဖြန့်ဝေပေးသွားမည်ကို အသေးစိတ်ဖော်ပြထားခြင်း မရှိပေ။

သို့သော် စက်မှုဇုန်များတွင် သုံးစွဲနေသည့် သဘာ၀ဓာတ်ငွေ့ရည်(LNG)သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် ဓာတ်အားလိုင်းများကို စဉ်ဆက်မပြတ်ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဟု ဆိုသည်။

“ ရွေးကောက်ပွဲစလုပ်ခါနီး တပတ်လောက်ကစလို့ မီးပြန်မှန်တယ်။ တပတ်မှာ သုံးလေး နာရီပဲ ပျက်တာရှိတယ်။…

Comments

Be the first to add a comment