Mizzima
ယူကရိန်းတွင် တိုက်ပွဲဝင်နေသည့် ရုရှားတပ်ဖွဲ့ဝင်များ“ကိုယ်ကျင့်တရားပျက်ပြားပြီး စိတ်ဓာတ်ကျဆင်းနေမှု”ကို ဖော်ပြသည့် လက္ခဏာအဖြစ် ရုရှားစစ်သားနှစ်ဦး ပြောကြားထားသည့် အသံဖိုင်တခုကို ယူကရိန်းစစ်ဘက်ထောက်လှမ်းရေး (HUR) က ကြားဖြတ်ဖမ်းယူနိုင်ခဲ့သည်။
“အလောင်းတွေကို သယ်ရတာ ခက်ခဲတဲ့အတွက် ဦးခေါင်းကိုဖြတ်၊ အဲဒီဦးခေါင်းနဲ့အတူ အထောက် အထားစာရွက် စာတမ်းတွေပါ တပါတည်းယူလာခဲ့ဖို့ ညွှန်ကြားခံထားရတယ်” ဟု အသံဖိုင်တွင် ရုရှားစစ်သားတဦးက ပြောကြားခဲ့သည်။
ရုပ်အလောင်းတခုလုံးကို စစ်မြေပြင်မှ သယ်ထုတ်ရန်မလိုဘဲ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ရန်အတွက် ရုရှားတပ်မှူးများက ထိုသို့ ခေါင်းဖြတ်ယူခိုင်းခြင်းဖြစ်ကြောင်း ယူကရိန်းစစ်ဘက်ထောက်လှမ်းရေး (HUR) က ပြောကြားသည်။
♦
သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#ရုရှားစစ်သည်
#ရုပ်အလောင်းများ
#ဦးခေါင်းကို
#ဖြတ်ယူခဲ့ရန်
#အမိန့်ပေး
#အသံဖိုင်
#ပေါက်ကြား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
Comments
Be the first to add a comment