လက်ရှိ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းက အိန္ဒိယနိုင်ငံ၊ အာမက်ဒါဘတ်မြို့က အံ့မခန်းဖွယ် နာရင်ဒရာမိုဒီကွင်းပါ။ ဒါပေမဲ့ ဒါက ဆက်ပြီး ဖြစ်နေတော့မှာ မဟုတ်ပါဘူး။

အကြောင်းကတော့ ဗီယက်နမ်နိုင်ငံက ဒီအံ့မခန်း ခရစ်ကတ်ကွင်းကြီးကို ကျော်တက်ဖို့ စီစဉ်နေလို့ ဖြစ်ပါတယ်။

ဟနွိုင်းမြို့မှာ ဆောက်မယ့် The Trong Dong လို့အမည်ရတဲ့ ဒီကွင်းကြီးဟာ ပရိသတ်ပေါင်း ၁၃၅,၀၀၀ ဆံ့မှာဖြစ်ပြီး နာရင်ဒရာမိုဒီကွင်းထက် အနည်းငယ် ပိုများသွားမှာပါ။

နာရင်ဒရာမိုဒီကွင်းက ပရိသတ် ၁၃၂,၀၀၀ ဆံ့တာမို့ မကြာခင်မှာ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းဆိုတဲ့ ဂုဏ်ပုဒ်ကို လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။

ဗီယက်နမ်မြို့တော်မှာ ဆောက်မယ့် ဒီ Trong Dong ကွင်းကို ရှေးဟောင်း ဗီယက်နမ်ယဉ်ကျေးမှုမှာ အရေးပါတဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ Dong Son ကြေးစည်ကြီးတွေရဲ့ ပုံစံအတိုင်း ပုံဖော်ထားတာပါ။

ဒီကွင်းကို ခေါက်သိမ်းလို့ရတဲ့ အမိုး (Retractable roof) စနစ်နဲ့ ဆောက်ဖို့ စီစဉ်ထားတာဖြစ်ပြီး အားကစားတခုတည်းအတွက်ပဲ မဟုတ်ပါဘူး။ Read more: https://bur.mizzima.com/2026/03/09/84373

Comments

Be the first to add a comment