Mizzima
အိုမန်နိုင်ငံတွင် မောင်းသူမဲ့လေယာဉ် (UAV) (ဒရုန်း) နှစ်စင်း ထိုးဆင်းကျရောက်ခဲ့ရာ လူသေဆုံး၊ ဒဏ်ရာရမှုတို့ ရှိခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီက မတ်လ ၁၃ ရက်တွင် ထုတ်ပြန်သည်။
ယင်း ဒရုန်းများသည် ဆိုဟာပြည်နယ်၌ ကျရောက်ခဲ့ခြင်းဖြစ်သည်။ ဒရုန်းတစင်းက ဟင်းလင်းပွင့် မြေကွက်လပ်တခုသို့ ကျရောက်ခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း သိရသော်လည်း အခြားတစင်းမှာမူ အယ်လ် အာဝီ စက်မှုဇုန်ကို ထိမှန်ခဲ့ရာ ပြည်ပလုပ်သားနှစ်ဦး သေဆုံးပြီး လူတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
တချိန်တည်းမှာပင် တူရကီနိုင်ငံတောင်ပိုင်းရှိ NATO (နေတိုး) ၏ Incirlik လေတပ်အခြေစိုက်စခန်းကို အီရန်က ဒုံးကျည်ဖြင့် ပစ်မှတ်ထားပစ်လွှတ်တိုက်ခိုက်ခဲ့ပြီးနောက် အခြေစိုက်စခန်းအတွင်း အချက်ပေးဥသြဆွဲသံများ ထွက်ပေါ်ခဲ့ကြောင်း တူရကီမီဒီယာများက မတ်လ ၁၃ ရက်တွင် ဖော်ပြသည်။
♦
သတင်း အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
#အိုမန်
#ဒရုန်း
#တိုက်ခိုက်ခံရ
#တူရကီ
#NATO
#လေတပ်စခန်း
#ပစ်မှတ်ထား
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------
Comments
Be the first to add a comment