မိမိနှင့် လိင်ဆက်ဆံရန် ငြင်းဆန်သည့် ထိုင်းလိင်ပြောင်းအမျိုးသမီးတဦးကို ထိုင်းနိုင်ငံ ပတ္တရားမြို့၌ သတ်ဖြတ်ခဲ့ကြောင်း ပြစ်မှုကျူးလွန်သူဟု သံသယရှိသူ တရုတ်အမျိုးသားတဦးက ပြောသည်။ ထိုင်းလိင်ပြောင်းအမျိုးသမီးကို သတ်ပြီးနောက် သူ့ခန္ဓာကိုယ်ကို လှီးဖြတ်ဖွင့်ပြီး ကိုယ်တွင်းအင်္ဂါများကို ထုတ်ခဲ့ကြောင်း၊ အကြောင်းမှာ လိင်ပြောင်းအမျိုးသမီး၏ ခန္ဓာကိုယ်ကို ‘စိတ်ထင်သလိုလျှောက်လုပ်” ချင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ထိုတရုတ်အမျိုးသားက ပြောသည်။
ထိုင်းရဲတပ်ဖွဲ့၏ ပြောကြားချက်အရ အသက် ၄၂ နှစ်ရှိ ဖူတုန်ယန်သည် ထိုင်းနိုင်ငံ နောင်ခိုင်မြို့ဇာတိ အသက် ၂၅ နှစ်ရှိ လိင်ပြောင်းအမျိုးသမီးတဦးဖြစ်သော ဝွန်ရာနန် ပန်နာချားကို သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံခဲ့သည်ဟု သိရသည်။
♦️ သတင်းအပြည့်အစုံ -
https://bur.mizzima.com/2025/04/27/54509