သရဲမ ကလီမာ🖤📱😘

📱 IMDB - 5.6/10

အညွှန်းဖတ်ရန်
🔽⬇️
အခုတစ်ခေါက်ကတော့ Horror & Comedy ကြိုက်တတ်တဲ့ ပရိသတ်များအတွက် (၂၀၁၈) ခုနှစ်က ထွက်ရှိထားတဲ့ မလေးရှားသရဲကားကို တင်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ကန်ပန်ပီဆန် ဆိုတဲ့ ရွာတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ကူဒါ ဆိုတဲ့ လူငယ်လေးက သူ့ထက်အသက်ကြီးတဲ့ ကလီမာ ဆိုတဲ့ ဘွားတော်နဲ့လက်ထပ်လိုက်ပြီး ယောင်နောက်ဆံထုံးပါ ဆိုသလို အိမ်ကိုခေါ်လာတာပေါ့။ ဘွားတော်က ရုပ်ဆိုးပေမဲ့ ဟင်းချက်တော်တာကို ကြွေသွားတယ်နဲ့တူပါတယ်။ ကူဒါ နဲ့ ဘော်ဒါ တစ်သိုက် အလုပ်ဆင်းခိုက် အိမ်မှာကျန်ခဲ့တဲ့ ကူဒါ မိန်းမ ကလီမာ တစ်ယောက် အကြောင်းအရင်းမပေါ်ဘဲ ကိစ္စချောသွားပါတယ်။ အဲ့ဒီမှာ ဇာတ်လမ်းက စတော့တာပါပဲ။ အကြောင်းအရင်းမပေါ်ဘဲ သေသွားတဲ့ ကလီမာ တစ်ယောက် မကျွတ်မလွတ်ဖြစ်ရင်း ရွာသားတွေကို ခြောက်လှန့်နေခဲ့ရာမှ သတ္တိကောင်းတဲ့ ရွာသားတွေနဲ့ စိန်ပြေးလိုက်တမ်း ကစားကြရင်း ကူဒါ တို့ ဘော်ဒါ တွေရဲ့အလွဲလွဲအချော်ချော်ကိုလည်း မြင်တွေ့ရပါမယ်။ နောက်ဆုံးမှာတော့ ရွာကို ဒုက္ခပေးနေတဲ့ သရဲမ ကလီမာ ကို ကူဒါ တို့ ဘယ်လိုတိုက်ထုတ်ကြမလဲ၊ ဘယ်လိုတွေ သတ်ကြဦးမလဲ၊ ကလီမာ ကရော ဘာလို့ သေသွားတာလဲ။
ကြည့်ရန်⬇️🔽
https://t.me/c/2193674451/4682

ချန်နယ်အရင်Joinပါ
🔽⬇️
https://t.me/+Ea1VwhE-XKRmYWQ1

Comments

Be the first to add a comment