အက်စစ်နဲ့မျက်နှာကို အပတ်ခံခဲ့ရတဲ့ အမျိုးသမီးတဦး ဖြစ်ရပ်မှန်ကား…

လူတိုင်းရဲ့စိတ်ထဲမှာ မကောင်းဆိုးဝါးတစ်ကောင်( စိတ်ရိုင်းကိုယ်စီ ) ရှိကြတယ်။

အညွှန်းဖတ်ရန်
⬇️🔽
ဤဇာတ်ကားနှင့်ပက်သက်၍ ခံစားမိသမျှ

ဘာကြောင့်များ လူတစ်ယောက်ဟာ
ဒီလိုလုပ်ရပ်မျိုး လုပ်မိတဲ့အထိ
ကိုယ့်စိတ်ရိုင်းကို ကိုယ်တိုင်အရှုံးပေးပြီး
ဆင်ခြင်တုံတရားဆိုတဲ့ ချည်တိုင်ကနေ
လွှတ်ပေးလိုက်ရတာလဲ?

ဒီဇာတ်ကားအကြောင်း ပြောပါဆိုရင်တော့ လည်ပတ်အောင် ပြောပြနိုင်ဖို့က
ခဲယဥ်းမယ်ထင်တယ်။

ဇာတ်လမ်းက အက်ဆစ်နဲ့အပက်ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက်
သူ့ဘဝကို ဘယ်လိုပြန်လည်တည်ဆောက်ယူသလဲ ။ သူ့လိုမျိုး နောက်ထပ်အတိုက်ခိုက်ခံရနိုင်တဲ့
မိန်းကလေးတွေအတွက် တရားရုံးအဆင့်ဆင့်ကို တက်ပြီး  “အက်ဆစ်ရောင်းချမှုကို တားမြစ်ပိတ်ပင်”ဖို့ အယူခံဝင် ၊ အဆိုပြုလွှာတင်ကာ. . .

နောက်ဆုံး ဥပဒေပြစ်ဒါဏ်တစ်ခုအနေနဲ့
ပေါ်ထွန်းလာစေဖို့အထိ ကြိုးစားပုံကို
ရိုးရိုးလေး ရိုက်ပြထားတာပါပဲ။

ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်လို့ ပရိတ်သတ်ကို မက်ဆေ့ပေးချင်တဲ့ အချက်တွေကို ဇာတ်ကားအစမှာရော အဆုံးမှာပါ ထည့်ပေးထားပါတယ်။

ရင်ဖိုစရာ ၊ စိတ်လှုပ်ရှားစရာတွေထက်ကို  ဆင်ခြင်စရာတွေ ၊ ပြင်ဆင်စရာတွေကို မြင်မိစေပါလိမ့်မယ်။

ဒီဇာတ်ကားကို ရိုက်ဖို့အတွက် မင်းသားရယ်လို့ မယ်မယ်ရရ သုံးမထားပဲ
မင်းသမီး Deepika Padukone တစ်ယောက်သာ သုံးထားတာမို့ ၊ ဘတ်ဂျက်လည်း အင်မတန်နည်းပါတယ်။

ဇာတ်ကားရဲ့ တင်ပြချင်တဲ့ရည်ရွယ်ချက်က ကောင်းမွန်တဲ့အတွက် အိန္ဒိယပြည်နယ်လေးခုမှာ အခွန်ကင်းလွတ်ခွင့်နဲ့ ပြသခွင့်ရခဲ့သလို ဝေဖန်ရေးဆရာတွေကြားမှာလည်း အပြုသဘော ဝေဖန်ချက်တွေ ရခဲ့ပါတယ်။

ကြည့်ရန်
🔽⬇️
https://t.me/ItsbetterToBe/3016

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

https://t.me/addlist/fK1TGyQZgBdkODQ9

Comments

Be the first to add a comment