အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဟော်မုဇ်ရေလက်ကြားပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကူညီပေးရန် မဟာမိတ်များကို စည်းရုံးနေသလို အခြားတဖက်တွင်လည်း ထိုဒေသသို့ မရိန်းတပ်သား ၂,၅၀၀ ကို စေလွှတ်နေပြီး ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အမေရိကန်နှင့် အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် အမေရိကန်တပ်ဖွဲ့ဝင်များအား ဖြန့်ကြက်ချထားခြင်းဖြစ်သည်။

မရိန်းတပ်သားများ၏ အဖြစ်နိုင်ဆုံး မစ်ရှင်မှာ ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရာ၌ သင်္ဘောလမ်းကြောင်းအနီးရှိ ကျွန်းငယ်များကို သိမ်းပိုက်ကာ လေကြောင်းရန်ကာကွယ်ရေးစနစ်များ တပ်ဆင်နိုင်ခြေရှိကြောင်း ကန်စီယံက ဆိုသည်။

♦ ဆောင်းပါး အပြည့်အစုံကို ကွန်းမန့်ရှိလင့်မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

#မရိန်းတပ်သား_၂၅၀၀
#ပင်လယ်ကွေ့
#အမေရိကန်
#ဘာကြောင့်
#စေလွှတ်လဲ
#မဇ္ဈိမသတင်းဌာန
#MizzimaBurmeseNews
-------------------------------------------

Comments

Be the first to add a comment