ဂူဂျွန်ဖြိုးနဲ့ဂျီဆူးတို့ရဲ့အသစ်စက်စက်ကား🖤📱

အညွှန်းဖတ်ရန်
🔽⬇️⬇️
ဒီဇာတ်ကားလေးထဲမှာတော့ အဓိကဇာတ်ကောင် Kim Dokja က သာမန် ကုမ္ပဏီဝန်ထမ်း တစ်ဦးပါ။ သူ့ရဲ့ တစ်ခုတည်းသော ဝါသနာကတော့ Three Ways to Survive in a Ruined World ဆိုတဲ့ ဝက်နိုဗယ်ကို ဖတ်တာပါ။ အဲဒီဝတ္ထုကို ဆယ်နှစ်ကျော် သူတစ်ယောက်တည်း အဆုံးအထိ ဖတ်ခဲ့တာဖြစ်ပါတယ်။

တစ်နေ့မှာတော့ လောကကြီးဟာ သူဖတ်နေခဲ့တဲ့ ဝတ္ထုထဲကအတိုင်း ပြောင်းလဲသွားပါတော့တယ်။ လူတွေဟာ Scenario တွေ မအောင်မြင်ရင် သေကြရမဲ့ ကမ္ဘာကြီးထဲမှာ အသေအကြေတိုက်ပွဲဝင်‌ နေရပါတယ်။ ဒီနေရာမှာ Kim Dokja ရဲ့ အားသာချက် တစ်ခုကတော့ အဲဒီလောကကြီးအကြောင်း ကြိုသိနေတာပါပဲ။

ဒီလောကထဲမှာ သူ့ရဲ့ မူရင်းဝတ္ထုရဲ့ အဓိကဇာတ်ကောင် Yoo Junghyuk နဲ့ တွေ့ခဲ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြဦးမှာလဲ။ မူရင်းဇာတ်ကောင်ကရော တကယ်ပဲ အသက်ပေးရလောက်တဲ့အထိ စွန့်လွှတ်မှုမျိုးကို လုပ်ရမှလား။ Yoo Junghyuk ကလည်း Kim Dokja  နဲ့ အတူတူ အတိတ်ကအမှားတွေအတွက် အပြစ်ရှိသူတစ်ယောက်အဖြစ် ခံစားနေရပြီး စိတ်ဒဏ်ရာရနေသူတစ်ယောက်ပါ။ ဒီလိုသူတို့နှစ်ယောက် ဇာတ်ညွှန်းကို ဘယ်လိုပြောင်းရေးကြမလဲ။ တကယ်ပဲ ဇာတ်ညွှန်းက ပြောင်းလဲသွားမှာလား။

ကြည့်ရန်🔽⬇️
🤩 https://t.me/BlFansFansFromMyanmar/3739

🍿 ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

1 comment

👻nay nin👻 Phoy
ကြည့်မယ်