🤩သေမင်းတမန်ဂိမ်းထဲပိတ်မိသွားတဲ့သူငယ်ချင်း၄ယောက်ရဲ့ငရဲခန်း🤩

အညွှန်းဖတ်ရန်
⬇️⬇️
သူငယ်ချင်း ၄ ယောက်ဟာ တောအုပ်တစ်ခုနားက အိမ်မှာ ပါတီလုပ်ပြီး ပျော်ပါးနေကြစဉ် အပြင်ဘက်က ထူးဆန်းတဲ့အသံကြောင့် ထွက်ကြည့်ရာကနေ သူတို့ကို တောစပ်ကနေ လှမ်းရိုက်နေတဲ့ VHS ဗီဒီယိုကင်မရာအဟောင်းတစ်လုံးကို တွေ့ရှိခဲ့ကြပါတယ်။ ပထမတော့ စနောက်တာ ဒါမှမဟုတ် အရင်တည်းခိုသူတွေ ထားခဲ့တာလို့ပဲ သတ်မှတ်ပြီး ပေါ့ပေါ့တန်တန် သဘောထားခဲ့ကြပေမယ့်၊ မကြာခင်မှာပဲ ဝတ်စုံနက်ဝတ်ဆင်ထားသူတစ်ယောက်ရဲ့ အလစ်အငိုက် တိုက်ခိုက်ခြင်းကို ခံရပြီး တစ်ယောက်ပြီးတစ်ယောက် သတိလစ်သွားခဲ့ကြပါတယ်။
​သူတို့ သတိရလာတဲ့အချိန်မှာတော့ ထူးဆန်းဆန်းပြားပြီး စိတ်ခြောက်ခြားစရာကောင်းတဲ့ TV Game Show စင်မြင့်တစ်ခုလို ပြင်ဆင်ထားတဲ့ စက်ရုံပျက်ကြီးတစ်ခုထဲမှာ သံကြိုးတွေနဲ့ အချည်ခံထားရတာကို တွေ့လိုက်ရပါတယ်။
​အဲဒီ Game Show ကို ဦးဆောင်မယ့်သူကတော့ လိမ္မော်ရောင် ကတ္တီပါဝတ်စုံနဲ့ ကြောက်မက်ဖွယ် Mask မျက်နှာဖုံး ဝတ်ဆင်ထားတဲ့၊ စိတ္တဇဆန်ပြီး သွေးအေးလှတဲ့ "The Host" (Jackie Earle Haley) ပဲ ဖြစ်ပါတယ်။ သူငယ်ချင်း ၄ ယောက်ဟာ ဒီစိတ်မမှန်တဲ့ Host ရဲ့ သေမင်းတမန် ဂိမ်းကစားနည်းတွေကို စည်းမျဉ်းအတိုင်း မဖြစ်မနေ လိုက်ကစားကြရပါတော့တယ်။ ဂိမ်းမှာ ရှုံးနိမ့်ရင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်ခံရမှာဖြစ်ပြီး နိုင်ရင်လည်း ပိုမိုရက်စက်တဲ့ နောက်တစ်ဆင့်ကို တက်ရမှာပါ။ ရုန်းကန်ရင်းနဲ့ သူတို့ကြားက ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်အမှောင်ထုတွေ၊ သစ္စာဖောက်မှုတွေ ပေါ်ပေါက်လာပြီး ဘယ်သူက သားကောင်လဲ၊ ဘယ်သူက တရားခံလဲဆိုတာ ခွဲခြားရခက်လာတဲ့အခါမှာတော့...။

ကြည့်ရန်🔽⬇️
https://t.me/MrHtetVersion/5544

🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

1 comment

လမင်းကဗျာ
ကြည်ရုန်