🤩လက်ဗလာချင်း သတ်ခိုင်းပြီး အသက်ရှင်ကျန်ရစ်သူကိုပဲ အိမ်ပြန်လွှတ်မယ့် နေရာ🤩

အညွှန်းဖတ်ရန်
⬇️⬇️
ချမ်းသာကြွယ်ဝတဲ့ မိသားစုက ဆင်းသက်လာပြီး ဖြုစင်တဲ့မျက်ဝန်းတွေ ရှိတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်လေး Davide ဟာ ညကလပ်တစ်ခုကအထွက်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။ သူ နိုးလာတဲ့အချိန်မှာတော့ ကုန်တင်ကားတစ်စီးရဲ့ အမှောင်ထုပိတ်နေတဲ့ ကွန်တိန်နာသေတ္တာထဲကို ရောက်ရှိနေပါပြီ။
သူ့ကို ဖမ်းဆီးထားသူတွေဟာ တရားမဝင် မြေအောက်လက်ဝှေ့ (Underground Bare-Knuckle Fighting) လောကက ဖြစ်ပြီး Davide ကို အခြားစိမ်းသက်သူတစ်ယောက်နဲ့ လက်ဗလာချင်း အသက်လုတိုက်ခိုက်ဖို့ အတင်းအကျပ် ဖိအားပေးပါတော့တယ်။ ဒီမြေအောက်တိုက်ခိုက်ပွဲတွေရဲ့ စည်းမျဉ်းက တစ်ယောက်ယောက် သေဆုံးမှသာ ပွဲပြီးမယ့် "အသက်လုပွဲ" တွေ ဖြစ်ပါတယ်။
မတတ်သာတဲ့အဆုံး ရုန်းကန်ရင်း ပထမဆုံးပြိုင်ဘက်ကို သတ်မိသွားပြီးနောက် Davide ဟာ ကုန်တင်သင်္ဘောပေါ်က လှောင်အိမ်ထဲကို ရောက်သွားပြီး အခြားမျှော်လင့်ချက်မဲ့နေတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့အတူ ပိတ်လှောင်ခံရပါတော့တယ်။ သူ့ရဲ့ ထောင်မှူးလည်းဖြစ်၊ နည်းပြလည်းဖြစ်တဲ့ Minuto ရဲ့ ရက်စက်တဲ့ လေ့ကျင့်ပေးမှုအောက်မှာ Davide ဟာ အသက်ရှင်ကျန်ရစ်ဖို့အတွက် သူ့ရဲ့နူးညံ့တဲ့ လူသားဆန်မှုတွေကို စွန့်လွှတ်ပြီး ကြမ်းကြုတ်တဲ့ တိုက်ခိုက်ရေးသမားတစ်ဦးအဖြစ် ပြောင်းလဲလာရပါတော့တယ်။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ Davide နဲ့ Minuto ကြားမှာ ထူးဆန်းတဲ့ သံယောဇဉ်တစ်ခုနဲ့ သူတို့နှစ်ဦးကြားက ဖုံးကွယ်ထားတဲ့ အတိတ်က ကွင်းဆက်တစ်ခု ပေါ်ထွက်လာတဲ့အခါမှာတော့...။

ကြည့်ရန်🔽⬇️
https://t.me/MrHtetVersion/5669

🍿ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲⚪🎬 🔽⬇️

🤩 https://t.me/addlist/fK1TGyQZgBdkODQ9

1 comment

Myint Myint
Join