မဇ္ဈိမ ။ ။ မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တွင် ပွဲကြည့်စင်ပေါ်တက်၍ အမျိုးသမီးပရိတ်သတ်တဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ဘက်မှ ရပ်တည်ကြောင်းနှင့် ကြိုက်သည့်ပုံစံဖြင့်လာရောက်ရှင်းနိုင်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်းဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်အေးမှ ၎င်း၏လူမှုကွန်ရက်မှတဆင့် ယနေ့ (မတ်လ ၁၂ ရက်) တွင် ပြောဆိုထားသည်။
“ခုကိစ္စ မောင်မောင်လွင်ဘက်က ကျနော် ရှိတယ်။ သူဒီလိုလုပ်လို့ မှန်တယ်လို့ တဖက်ပိတ် ပြောနေတာ မဟုတ်ဘူး။ Consequences သိအောင် ပြောပြတာ၊ ကြိုက်သလို လာရောက်ရှင်းလို့ ရပါကြောင်း" ဟု ဦးစိုင်းခင်မောင်အေး က ပြောဆိုထားသည်။ Read more:
https://bur.mizzima.com/2026/03/12/84709