Pp Movie Uploader
🤩
ကလေးကိုကာကွယ်ဖို့နတ်ဆိုးတွေနဲ့ ရင်ဆိုင်ခဲ့တဲ့မိခင်တစ်ယောက်ရဲ့တိုက်ပွဲ
🤩
အညွှန်းဖတ်ရန်
⬇️
⬇️
ဇာတ်လမ်းဟာ ရှေးခေတ်က ကမ္ဘာမြေပေါ်ကို နတ်ဘုရားမတစ်ပါး ဆင်းသက်လာခဲ့ရာကနေ စတင်ပါတယ်။ ထိုနတ်ဘုရားမနဲ့ လူသားတစ်ဦးတို့ ညားရင်သွေးရရာကနေ ထူးဆန်းပြီး အစွမ်းထက်တဲ့ သားနှစ်ယောက် (Chathan နဲ့ Gari Devan) ကို မွေးဖွားခဲ့ပါတယ်။ သူတို့ညီအစ်ကိုနှစ်ဦးဟာ အချင်းချင်း တိုက်ခိုက်ရင်း ကမ္ဘာမြေကို ပျက်စီးစေတာကြောင့် မိခင်ဖြစ်သူက Chathan ကို တောင်တန်းတွေကြားမှာ၊ Gari Devan ကိုတော့ မြေအောက်ထဲမှာ ပိတ်လှောင်နှိမ်နင်းခဲ့ပါတယ်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်... မိဘမဲ့မိန်းကလေးတစ်ဦးဖြစ်တဲ့ Kumari ဟာ Kanhirangat ဆိုတဲ့ ဝေးလံပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ရွာက သြဇာကြီးမျိုးရိုးတစ်ခုရဲ့ သားငယ်ဖြစ်သူ Dhruvan နဲ့ လက်ထပ်ပြီး ထိုရွာကို ရောက်ရှိလာခဲ့ပါတယ်။ ထိုရွာနဲ့ ခင်ပွန်းဖြစ်သူရဲ့ မိသားစုဟာ ရှေးယခင် မျိုးဆက် ၁၂ ဆက်ကတည်းက စုန်းကဝေအတတ်၊ အမှောင်လောကရဲ့ နတ်ဆိုးတွေ (Chathan နဲ့ Gari Devan) ကို ကိုးကွယ်ပြီး မျိုးနွယ်စုရဲ့ ချမ်းသာကြွယ်ဝမှုကို ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။
Kumari ကိုယ်ဝန်ရလာတဲ့အခါမှာတော့ ထိုမိသားစုရဲ့ လျှို့ဝှက်ချက်ဆိုးကြီးတစ်ခုကို သိရှိသွားခဲ့ပါတော့တယ်။ အဲ့ဒါကတော့ မိသားစုရဲ့ စည်းစိမ်နဲ့ အာဏာကို ဆက်လက်ထိန်းသိမ်းဖို့အတွက် မျိုးဆက် ၁၂ ဆက်မြောက်မှာ မွေးဖွားလာမယ့် ဦးဦးဖျားဖျား ကလေးငယ်ကို နတ်ဆိုးထံ ယဇ်ပူဇော်ရမယ်ဆိုတဲ့ အမှောင်ပဋိညာဉ်ပဲ ဖြစ်ပါတယ်။ မိခင်တစ်ယောက်အနေနဲ့ မိမိရဲ့ရင်သွေးကို ကာကွယ်ဖို့အတွက် Kumari တစ်ယောက် အမှောင်လောကရဲ့ နတ်ဆိုးတွေ၊ အယူသည်းပြီး လောဘဇောတိုက်နေတဲ့ လူသားတွေနဲ့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်သွားမလဲဆိုတာကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။
ကြည့်ရန်
🔽
⬇️
https://t.me/Shikf07/5619
🍿
ဇာတ်ကားကောင်းလေးတွေကြည့်ဖို့အောက်ကလင့်အပြာလေးကိုနှိပ်ပြီး ချန်နယ်တွေJoin ထားနော်ချစ်လေးတို့
🇲🇲
⚪
🎬
🔽
⬇️
🤩
https://t.me/addlist/fK1TGyQZgBdkODQ9
2 comments
သဲမာချို
Jul 18
ကြည့်ချင်ပါတယ်
Koko Koko
Jul 18
ဇတ်ကားမျျျားာ